ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပပြုလုပ်



MNP - အောက်တိုဘာ   ၁၄


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နေကြာဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့် လိုအပ်သည့်မျိုးစေ့နှင့်စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေများထုတ်ချေးပေးခြင်းနှင့် နေကြာမျိုးစေ့နှင့်သွင်းအားစု ဓာတ်မြေဩဇာများပေးအပ်ပွဲကို ယမန်နေ့နေ့လည် ၂ နာရီက ချောင်းကျိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်ကအဖွင့်အမှာစကားပြောကြားပြီး ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဌေးဇော်က မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေများထုတ်ချေးပေးရခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ရီရီမြက နေကြာဆီထွက်သီးနှံစိုက်ပျိုးရခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်က မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် နေကြာဆီထွက်သီးနှံစိုက်ပျိုးမည့်တောင်သူများထံသို့ ရတနာရေဆင်းစပ်မျိုးနေကြာ-၁ နေကြာမျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာများကို ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ အဆိုပါ နေကြာဆီထွက်သီးနှံစိုက်ပျိုးမည့် ချောင်းကျိုးကျေးရွာနှင့်ဂွေးပင်ခုန်ကျေးရွာမှ တောင်သူများ၏ လယ်ယာမြေများအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)