ကမာရွတ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ဆက်လက် ရောင်းချ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကမာရွတ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ဆက်လက် ရောင်းချ

 

6

MNP - အောက်တိုဘာ ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချီရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ  ယမန်နေ့ နံနက် ၈ နာရီ အချိန်ခန့်က  ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက် မြကန်သာ (၂)လမ်း၌ ပြည်သူများထံသို အခြေခံစားသောက်ကုန်များကို  လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ရောင်းချရာတွင်  ဆန်တစ်ပြည်လျှင် ၁၇၀၀ ကျပ်၊  စားအုန်းဆီ တစ်ပိသာလျှင် ၄၁၅၀ ကျပ်၊  ကြက်ဥ တစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စု လျှင် ဆန် ၁ ပြည်၊ ဆီ ၂၅ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ဆန် ၂၄ ပြည်ဝင် ဆန်အိတ် ၁၀ အိတ်၊ ဆီ ၁၁၀ ပိသာ၊ ကြက်ဥအလုံး ၁၀၀၀  ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြင့်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ထင်လင်းအောင်၊  မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးရဲအောင်လွင်နှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်းနှင့် ကမာရွတ်မြို့နယ်အတွင်း ရပ်ကွက်များရှိ ပြည်သူများထံ အခြေခံစားသောက်ကုန်များကို လက်ဝယ်ရောက်နေ့စဉ် ရောင်းချပေးနိုင်ရေးစီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိမ်းလဲ့  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages