ရွှေတောင်မြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၉)လုံး အမိုးလန်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၉)လုံး အမိုးလန်ပျက်စီး

MNP - အောက်တိုဘာ   ၇


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု၊ လိပ္ပုတ်ကုန်းကျေးရွာ၊ ကျီးသဲကျေးရွာ၊ မြောက်ပိန်းအင်းကျေးရွာ၊ တောင်ပိန်းအင်းကျေးရွာ၊ တောင်ငူကုန်းကျေးရွာ တို့တွင် ယမန့်နေ့ညနေ  ၆ နာရီခန့်က မိုးသည်း ထန်စွာရွာသွန်းပြီး ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် ( ၂၉)လုံးအမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စု(၂၉)စုမှ မိသားစုများအား ယာယီနေထိုင်နိုင်ရေးနှင့် ပျက်စီးနေအိမ်များ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။


သတင်း - ကိုကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)