လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုမှုမရှိစေရေး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ကြရန် ပြည်နယ်ဝန်ကြီးချုပ်ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုမှုမရှိစေရေး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ကြရန် ပြည်နယ်ဝန်ကြီးချုပ်ပြောကြား

 



MNP - အောက်တိုဘာ   ၇


ပြည်နယ်အတွင်းရှိ လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုမှုမရှိစေရေး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။


အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏ဥက္ကဋ္ဌ  ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေး နိုင်ငံဖြစ်သည့်အတွက် မြေယာစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပတ်သက်၍ စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့ လိုကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်ပတ်သက်၍ အငြင်းပွားမှုများကို ဆုံးဖြတ်ရာတွင် ဘက်လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့လိုကြောင်း၊ ရပ်ကွက်/ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့များကိုလည်း စွမ်းဆောင်ရည်မြှင့်တင်ပေးရန်လိုကြောင်း၊ အောက်ခြေမြေပြင် ကွင်းဆင်းသည့်အဖွဲ့များအနေဖြင့် တိတိကျကျဆောင်ရွက်ပေးကြရန် ဆက်လက်ပြောကြားသည်။


ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏ အတွင်းရေးမှူး ဦးဇော်မိုးအောင်က လယ်ယာမြေစီမံခန့်ခွဲရေး ကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ကော်မတီဝင်များက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)