သီတင်းကျွတ်လပြည့်နေ့တွင် ဘုရား‌စေတီများနှင့် ဘုန်း‌တော်ကြီးကျောင်းများတွင် ကောင်းမှုပြုသူများစည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်လပြည့်နေ့တွင် ဘုရား‌စေတီများနှင့် ဘုန်း‌တော်ကြီးကျောင်းများတွင် ကောင်းမှုပြုသူများစည်ကား

 




MNP - အောက်တိုဘာ   ၉


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်တွင် သီတင်းကျွတ်လပြည့်နေ့၌ မြန်မာတို့၏ ဝါကျွတ်ကာလ ကောင်းမှုကုသိုလ်များ အစဉ်အလာမပျက် ပြုလုပ်လေ့ရှိရာ ဘုရား‌စေတီများနှင့် ဘုန်း‌တော်ကြီးကျောင်းများတွင် ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိသည်။


ထိုသို့ပြုလုပ်ရာတွင်  သီတင်းကျွတ်လပြည့်‌ နေ့နံနက်ပိုင်း၌ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ခြင်း၊ ဘုရားပုထိုး စေတီများအား ရေသပ္ပါယ်ခြင်း၊ ဘိုးဘွားမိဘများအား ပူဇော်ကန်တော့ခြင်း၊ စုပေါင်း သန့်ရှင်းရေး ကုသိုလ်ပြုကြခြင်း၊ သားငါးများဘေးမဲ့လွတ်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ အဟာရဒါနစတုဒီသာကျွေးခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။


သီတင်းကျွတ်လပြည့်နေ့နံနက်ပိုင်း၌ အ‌ရှေ့မဟာဗုဒ္ဓဘုရားကြီးတွင် ဆွမ်းတော်ကြီးတင် ကပ်လှူပူဇော်‌နိုင်ရန် သစ်သီးများ၊ ဆွမ်းဗန်းများ၊ ပန်းနံ့သာများ ဆက်ကပ်နိုင်ရေး စီစဉ်ပေးထားပြီး နေ့ခင်းပိုင်း ဈေးဆိုင်တည်ခင်း ရောင်းချလိုသူများကိုလည်း ဘုရားကြီး ဝတ္တကမြေအတွင်း နေရာချထားပေးထားကြောင်း အရှေ့မဟာဗုဒ္ဓဘုရားကြီးဂေါပက အဖွဲ့ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)