ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အကူသူနာပြု(ပြင်ပ) (၉)လသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အကူသူနာပြု(ပြင်ပ) (၉)လသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်



MNP - အောက်တိုဘာ   ၄


ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အကူသူနာပြု(ပြင်ပ) (၉)လသင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကျန်းမာရေးစနစ်၏ အရေးအကြီးဆုံး ဒေါက်တိုင်ကြီး တစ်ခုဖြစ်သည့် အရည်အချင်းပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကူသူနာပြုများသည် ပင်ကိုယ်စိတ်ရောကိုယ်ပါဖြူစင်သူများ၊ ယဉ်ကျေးပျူငှာသူများဖြစ်ကြပြီး ပြည်သူကို အလုပ်အကျွေးပြုရန် ရည်ရွယ်၍ အကူသူနာပြု ကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းပြီး မိမိတို့၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန် လိုပါကြောင်း၊ အကူသူနာပြုများ အနေဖြင့် သင်တန်းမှပို့ချသင်ကြားပေးသော ဆေးပညာဆိုင်ရာပညာရပ်များ၊ လက်တွေ့ကုသမှုများကို ကောင်းစွာမှတ်သားနာယူပြီး လူနာများပေါ် ဝါသနာ၊ စေတနာ၊ အကြင်နာ၊ ဂရုဏာ၊ အနစ်နာ၊ စာနာမှု စသည့် နာ (၆) နဲ့အတူ ပြုစုစောင့်ရှောက် ပေးကြရမှာဖြစ်ပါကြောင်း၊ ပြည်သူကိုဗဟိုပြုသော ကျန်းမာရေးစနစ်ကို အောင်မြင်အောင် ဖော်ဆောင်နိုင်ရေး ပါဝင်ဆောင်ရွက်ကြရမည့်အပြင် ကိုယ်တိုင်ကလည်း အရည်အသွေး ပြည့်မီစေရေး၊ ပြည်သူများပါဝင်လာစေရေး၊ လူမှုဆက်ဆံရေး ကောင်းမွန်စေရေး စသည်တို့ကိုလည်း ဆက်လက်သင်ယူ လေ့ကျင့်ကြရမှာ ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ လိုအပ်ချက်အတွက် တစ်ထောင့်တစ်နေရာမှာ ဖြည့်တင်းလုပ်ကိုင်ရင်း ပြည်သူ တစ်ရပ်လုံးအတွက် အလုပ်အကျွေးပြုသည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဦးဆောင်ကြိုးပမ်းဆောင်ရွက်ကြရန်” အမှာစကားပြောကြားခဲ့ကာ ထူးချွန်သင်တန်းသား သင်တန်းသူများကို ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ (၉)လတာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း (၅၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


သတင်း- လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)