MNP - အောက်တိုဘာ ၃၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် ယနေ့ နံနက် ၈ နာရီအချိန် မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင် ကြီးကြပ်မှုဖြင့် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကျေးစာရေးများ စုစုပေါင်းအင်အား ၁၀၀ ခန့်က မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက်စေတီတော်အတွင်း ဘုရားရေချမ်းအိုးများလဲလှယ်ခြင်း၊ ရင်ပြင်အနီးအနားရှိ အမှိုက်သရိုက်များ၊ မြက်ပင်၊ ပေါင်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်း၊ ဘုရားစေတီ ပရဝဏ်အတွင်း / အပြင် များတွင် သန့်ရှင်းရေး ပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခြံဝင်းအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် ကြိုးဆွဲပွဲ၊ ခြင်လုံးခတ်ခြင်း ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။
သတင်း - သက်လွင်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment