တောင်ဥက္ကလာပမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အနေဖြင့် အသက်(၇၅)နှစ်နှင့် အထက် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုပူဇော်ကန်တော့ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အနေဖြင့် အသက်(၇၅)နှစ်နှင့် အထက် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုပူဇော်ကန်တော့ပွဲ ကျင်းပ

 



MNP - အောက်တိုဘာ   ၈


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသက်(၇၅)နှစ်နှင့်အထက် အငြိမ်းစားကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးတို့ကို ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အနေဖြင့် မြို့နယ်ပညာရေးမိသားစုမှ ဂါရဝပြု ပူဇော်ကန်တော့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြခံပညာအထက်တန်း ကျောင်း၊ သီရိမြန်မာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားကို ရှေးဦးစွာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ကန်တော့ခံဆရာကြီး၊ ဆရာမကြီးတို့ လက်ဝယ်သို့ ပညာရေးမိသားစုမှ ဂါရဝပြုအလှူငွေများ လှူဒါန်းခဲ့ကြသည်။ ထို့နောက် အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက မြို့နယ် ပညာရေးမိသားစုကိုယ်စား ကန်တော့ချိုးတိုင်ကာ ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြု ကန်တော့၍ ကန်တော့ခံအငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးထွန်းကြည်မှ မုဒိတာ ဆုံးမဩဝါဒ စကား ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အနေဖြင့် အသက်(၇၅)နှစ်နှင့် အထက် အငြိမ်းစား ကျောင်း အုပ်ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုပူဇော်ကန်တော့ပွဲသို့ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ပညာ‌ရေးဝန်ထမ်းမိသားစုများမှ စုံညီစွာ တက်ရောက်ဂါရဝပြု ကန်တော့ခဲ့ကြ၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စိုးဝဏ္ဏထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)