ပြည်မြို့ ဘုရင့်နောင်ကားလမ်းမဘေးဝဲယာ၌ စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့ ဘုရင့်နောင်ကားလမ်းမဘေးဝဲယာ၌ စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်



MNP ၊ အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့်  ပြည်မြို့အား အမှိုက်ကင်းစင်ပြီး မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်အဖွဲ့များနှင့် ရပ်ကွက်အလိုက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက‌ ခေတ္တရာရပ်ကွက်(၉)လမ်းထိပ်မှ (၁၃) လမ်းထိပ် ဘုရင့်နောင်ကားလမ်းမဘေးဝဲယာ နှင့် ရတနာမာန်အောင် ဘုန်းကြီးကျောင်း လမ်းဘေးဝဲယာတို့၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


အဆိုပါနေရာတွင်  ပူးပေါင်းအဖွဲ့များက အမှိုက်သရိုက်များ၊  ချုံနွယ်ပေါင်းမြက်များနှင့် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း၍  ထွက်ရှိအမှိုက်များအား မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကြ‌ကြောင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုအား  ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့်ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


ကိုစိုး(ပြည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)