ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီခေါင်းဆောင်တချို့ တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီခေါင်းဆောင်တချို့ တွေ့ဆုံ


MNP ၊ အောက်တိုဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နှင့် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီခေါင်းဆောင်တချို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

USDP ဥက္ကဋ္ဌ ဦးခင်ရီနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ ၁၅-၁၀-၂၀၂၂ ရက်နေ့က USDP ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)ရှိ ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ဝိုင်ဝန်းကူညီဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ် အစီအမံများ၊ ပါတီအချင်းချင်း ဆက်သွယ်ဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ အနေဖြင့် အကြမ်းဖက်အန္တရာယ်များ ကာကွယ်တားဆီးရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း တတိယအကြိမ်မြောက် ပါတီညီလာခံ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)