(၂၈)ကြိမ်မြောက် အာဆီယံလူမှုရေး - ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၈)ကြိမ်မြောက် အာဆီယံလူမှုရေး - ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ



MNP ၊ အောက်တိုဘာ ၁၅

အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးဖြစ်သူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် (၂၈)ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးများအစည်းအဝေး (28th Meeting of the ASEAN Socio – Cultural Community (ASCC) Council) သို့တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။


ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်ကာလအတွင်း အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးများနှင့်အတူ ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo HUN SEN အား တွေ့ဆုံနှုတ်ဆက်ဂါရဝပြုခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာခဲ့ကြသည်။


ပြည်ထောင်စုဝန်ကြီးဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပြန်လည်မထွက်ခွာမီ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်သည့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ကမ္ဘောဒီးယားနိုင်ငံ၊ သာသနာပိုင်ဆရာတော်ကြီး ဆမ်ဒက်ပရယ် အဂ္ဂမဟာသံဃရာဇာဓိပတိတပ်ဗုံအား သွားရောက်ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာတော်ဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)