မြိတ်မြို့တွင် ဆန်၊ ဆီ၊ ဆား၊ ငါးနှင့် ကြက်ဉတို့ကို အခြေခံလူတန်းစားများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် ဆန်၊ ဆီ၊ ဆား၊ ငါးနှင့် ကြက်ဉတို့ကို အခြေခံလူတန်းစားများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး




MNP - အောက်တိုဘာ  ၁၉


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဆန်၊ ဆီ၊ ဆား၊ ငါးနှင့် ကြက်ဉစသည့် အခြေခံစားကုန် (၅)မျိုးကို မြိတ်တောင်ရပ်ကွက်  မြို့သစ်ရပ် ရတနာသီရိလမ်းဆုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ အခြေခံလူတန်းစားများအား သက်သာသောဈေး နှုန်းဖြင့်ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့ကြသည်။


ထိုသို့ရောင်းချပေးရာ၌ အခြေခံစားသောက်ကုန်(၅)မျိုးကို လူတစ်ဦးလျှင် ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သားလျှင်(၂၃၀၀) ကျပ်၊ ဆားတစ်ထုပ်လျှင်(၂၅၀)ကျပ်၊ ငါးတစ်ကီလို တစ်ထုပ်လျှင်(၁၀၀၀)ကျပ်နှင့် ကြက်ဥ(၆)လုံးလျှင်(၁၀၀၀)ကျပ်တို့ဖြင့် အခြေခံလူတန်းစားများ အား တန်းစီစနစ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ တာဝန်ရှိသူများမှ ရောင်းချပေးခဲ့ကြသည်။


အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် စုစုပေါင်းဆန် (၁၀)အိတ် (တစ်ပြည်ထုပ်-၂၅၀)ထုပ်၊ ဆီ (၁၂၅)ပိဿာ၊ ဆား(၁၀၅)ပိဿာ၊ ကြက်ဉ (၁၀၀၀)လုံးနှင့် ငါး(၇၅)ကီလိုကို ရောင်းချပေးခဲ့ကြကြောင်း၊ ကျန်ရှိသောရပ်ကွက်များကိုလည်း အခြေခံစား ကုန်(၅)မျိုးကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အခြေခံစားကုန်(၅)မျိုးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဆန်ကုန်သည်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍  အခြေခံလူတန်းစားများအား ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)