သရက်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

သရက်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

75


MNP - အောက်တိုဘာ ၁၄


မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်ကဌာနဆိုင်ရာများ အနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန်၊ မကွေးတိုင်းအတွင်း ခရိုင်မြို့နယ်အလိုက် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်ကာ မိမိတို့ရုံးဌာနများ လုံခြုံရေးဂရုစိုက်ကြရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီအောင် ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေးလုပ်ငန်း ပြည့်မီစွာ ဆောင်ရွက်ပေးကြရန် ဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာများ၏ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။


ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက နှစ်စဉ်ကျင်းပလျက်ရှိသည့် စုပေါင်းမဟာဘုံကထိန်ကို ယ္ခုနှစ်တွင်လည်း အစဉ်အလာမပျက် ကျင်းပနိုင်ရေး ဌာနဆိုင်ရာများက စုပေါင်းလှူဒါန်းကြရန် ဆွေးနွေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က ယခင်နှစ်က ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ကို ဌာနဆိုင်ရာများက ငွေကျပ် (၉၇)သိန်းကျော် ဆက်ကပ်လှူဒါန်းနိုင်ခဲ့ပြီး ယ္ခုနှစ်လည်း စည်းကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြာခဲ့သည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး က ဌာနဆိုင်ရာများ၏ စုပေါင်းလှူဒါန်းပွဲဖြစ်၍ စုံညီစွာ တက်ရောက်ကြရန်နှင့် ကထိန်ပွဲကျင်းပမည့် နိုဝင်ဘာ(၃)ရက်နေ့တွင် ပင့်သံဃာအပါး(၂၀)အား တစ်ပါးလျှင် သင်္ကန်းတစ်စုံနှင့် ငွေကျပ်(၅၀၀၀၀)လှူဒါန်း သွားမည်ဖြစ်၍ ဌာနဆိုင်ရာများအနေဖြင့် စုပေါင်းလှူဒါန်းပေးကြရန် ပြောကြားပေးခဲ့ကြောင်း သိရသည်။ 


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages