တာမွေမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ




MNP ၊  အောက်တိုဘာ ၃၀

“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည့်စကားအတိုင်း နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေး၏ အခန်းကဏ္ဍသည် များစွာအရေးပါသဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ပညာရေးဌာနမှ ဝန်ထမ်းများ၏ အရည်အသွေးများ တိုးတက်မြင့်မားလာစေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပညာရေးမှူးရုံး၏ စီစဉ်မှုဖြင့် မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ကို တာမွေမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်အတွင်းရှိ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပညာရေးဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီး (၃၉)ဦး တို့အား ၂၀၂၂-ခုနှစ် အောက်တိုဘာ (၂၉)ရက်နေ့နှင့် အောက်တိုဘာ (၃၀)ရက်နေ့များတွင် နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ  အသေးစိတ် ရှင်းလင်းဆွေးနွေးပို့ချပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ သင်ကြားသင်ယူမှု အရည်အသွေးများ တိုးတက်မြင့်မားလာစေရန်၊ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည် ပိုမိုမြင့်မား လာစေရန်၊ ခေါင်းဆောင်မှုတာဝန်ယူထားရသော ကျောင်းအုပ်ကြီးများအနေဖြင့် ယုံကြည်ချက်၊ ခံယူချက် မှန်ကန်စွာ ဖြင့် ပညာရေးဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများသာမက တာဝန်နှင့် စည်းကမ်းများကို လည်း စနစ်တကျစီမံခန့်ခွဲတတ်စေရန်အတွက် ရည်ရွယ်ပြီး  အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ စီစဉ်ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)