MNP - အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များ နှင့်ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်း ဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၈နာရီ အချိန်မှစတင်ပြီ းညောင်ဦးမြို့နှင့် ပုဂံမြို့ ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
ညောင်ဦးမြို့နှင့်ပုဂံမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်က်တစ်လမ်းမှ အဆင်ပြေကြစေရန်မီးဖိုချောင်သုံးစားအုန်း ဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး ခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၂၀၀ ကျပ်နှုန်း ဖြင့်မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး ညောင်ဦးမြို့ နယ်မြေ(၄)၊ ဆုံကုန်းရပ်၊ ဘုန်းစဉ်ဈေးရှေ့နှင့် ပုဂံမြို့၊ အနော်ရထာရပ်ကွက် သိင်္ဃရပ်တို့တွင် Mobile ကား(၂)စီးဖြင့်လိုက်လံရောင်းချလျက်ရှိကြောင်း သိရသည်။ အဆိုပါ Mobile ကားဖြင့်ရပ်ကွက်/ကျေးရွာနေပြည်သူများ လက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ စားအုန်းဆီပိဿာချိန် ၁၃၇၅ ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment