သီတင်းကျွတ်လပြည့်နေ့တွင် မိုးကုတ်မြို့ရှိ သမိုင်းဝင်တန်ခိုးကြီးစေတီဘုရားများ၌ ဘုရားဖူးများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်လပြည့်နေ့တွင် မိုးကုတ်မြို့ရှိ သမိုင်းဝင်တန်ခိုးကြီးစေတီဘုရားများ၌ ဘုရားဖူးများဖြင့်စည်ကား



MNP - အောက်တိုဘာ   ၁၀


သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ နေ့ထူးနေ့မြတ်တွင် မိုးကုတ်မြို့နယ်ရှိ ဘုရားများတွင် ယမန်နေ့ညနေ (၆) အချိန်မှစ၍ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး  ပန်း၊ ဆီမီးများ ပူဇော်ထွန်းညှိကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြကြောင်းသိရှိရသည်။


ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့နံနက်တွင် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလများဆောက်တည်ခြင်း၊ သက်ကြီး ဝါကြီးရဟန်း သံဃာတော်များ၊ မိဘဆရာ၊ လူကြီးသူမများအား သွားရောက်ဂါဝါရပြု ကန်တော့ခြင်းဖြင့် စည်ကားလျက်ရှိသလို  ညနေပိုင်း တွင် သမိုင်းဝင်တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမျှော်ကြည်ညိုကြပြီး ပန်းဆီမီးရေချမ်းများ ကပ်လှူပူဇော်ကြသဖြင့် မိုးကုတ်မြို့ရှိ သမိုင်းဝင်တန်ခိုးကြီး ဖောင်တော်ဦးဘုရား၊ ချမ်းသာကြီးဘုရားနှင့် မဟာမုနိဘုရား၊ ပတ္တမြားစေတီလေးမျက်နှာဘုရားတို့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမျှော်ကြသဖြင့် ဘုရားဖူးဧည့်သည်များဖြင့်  စည်ကားသိုက်မြိုက်လျက်ရှိသည်။


ထို့ပြင် သီတင်ကျွတ်ကာလအတွင်း မိုးကုတ်မြို့သို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ် ကြပြီ မြို့၏သာယာလှပသော အထင်ကရနေရာများနှင့် မင်္ဂလာကန်ဘောင်၊ ညဈေးတန်းတို့တွင် လည်ပတ်သူများ အေးချမ်းစွာ လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။


သတင်း - နန်းခွာညိုနှင်း                                                                 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)