ရွှေကျင်မြို့နယ် ဂုဏ်ဆောင်ပွဲတော်ဖြစ်သော သီတင်းကျွတ်မီးမျှောပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့နယ် ဂုဏ်ဆောင်ပွဲတော်ဖြစ်သော သီတင်းကျွတ်မီးမျှောပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်



MNP - အောက်တိုဘာ   ၈


ရွှေကျင်မြို့နယ်တွင် မြို့နယ်ဂုဏ်ဆောင် သီတင်းကျွတ်မီးမျှောပူဇော်ပွဲအား ရှေးဘိုးဘွားများက ဦးဆောင်ပြီး ၁၂၁၃ ခုနှစ်မှစတင်၍ ကျင်းပခဲ့သော သီတင်းကျွတ်မီးမျှောပူဇော်ပွဲသည် နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပြီး  (၂၀၂၀၊၂၀၂၁)ခုနှစ်များတွင် Covid-19 ရောဂါဖြစ်ပွားမှုများ မြင့်မားချိန်တွင် အစဉ်အလာမပျက် (အကျဉ်းချုံး)ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင်လည်း Covid - 19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံးဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။


အဆိုပါ မီးမျှောပူ‌ဇော်ပွဲတော်ကျင်းပရန် တောင်ဘက်တံတားအောက်ဘက်ချောင်းမြေပေါ်တွင် ပွဲတော်ကွင်းအဖြစ်ဆောင်ရွက်ထားပြီး၊ ကလေးကစားကွင်း၊ ဆိုင်ခန်းများ၊ အခမဲ့ဇာတ်ပွဲ၊ အလှခတ်ခြင်းဝိုင်းများပါရှိမှာဖြစ်ကာ သီတင်းကျွတ်မီးမျှောပွဲအထိမ်းအမှတ်အဖြစ်(၄)မြို့နယ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ၊အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အသက်(၁၆)နှစ်အာက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲများလည်း ကျင်းပနေကြောင်း၊ သီတင်းကျွတ်မီးမျှောပွဲတော်ကို သီတင်းကျွတ်လဆန်း(၁၃)ရက်မှ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့အထိ (၄)ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်‌သည်။


မီးကြာခွက်မျှောခြင်းကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်မှ စတင်မျှောမည်ဖြစ်‌ပြီး ယခုနှစ်ကျင်းပသည့် မီးမျှောပူ‌ဇော်ပွဲတော် (၁၇၁)နှစ်မြောက်ရှိပြီးဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)