တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်



MNP - အောက်တိုဘာ  ၂၈


တနင်္သာရီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ National Road Safety Council (NRSC) ဖွဲ့စည်းထားရှိသည့်နည်းတူ တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာလည်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဖွဲ့စည်းထားရှိပြီး ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများအား ပြန်လည်သုံးသပ်ရမည်ဆိုပါက ၂၀၁၁ ခုနှစ်ကစပြီး၂၀၂၂ ခုနှစ်ကာလအတွင်း ယာဉ်တိုက်မှုများသည် နှစ်စဉ်တိုးမြင့်နေသည့်အတွက် ယာဉ်တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သော ဒဏ်ရာရသေဆုံးမှုများသည် နှစ်စဉ်တိုးတက်နေသည်ကို တွေ့ရကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစဉ်များကို ကောင်စီအဖွဲ့ဝင်များ အနေဖြင့် အစဉ်တစိုက်ကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဖြစ်ပွားမှုနှင့် ၂၀၂၂ ခုနှစ်  ဇန်နဝါရီလမှ စက်တင်ဘာလကုန် အထိဖြစ်ပွားမှု နှိုင်းယှဉ်ပါက ယာဉ်တိုက်ခိုက်မှုများ၊ သေဆုံးမှုများ၊ ဒဏ်ရာရမှုများ လျော့နည်းလာသည်ကို တွေ့ရကြောင်း၊ ယခုလိုလျော့နည်းကျဆင်းလာသည်မှာ တာဝန်ရှိသူများ၏ ပူးပေါင်းကြိုးစား ဆောင်ရွက် မှုများကြောင့်ဖြစ်ပြီး ယခုထက်ပို၍ မျှော်မှန်းထားသော ၅၀% ထက်လျော့အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မော်တော်ယာဉ် မောင်းနှင်းသူများ အသက်ကယ်ခါးပတ် အသုံးပြုရေး၊ မော်တော်ဆိုင်ကယ်ကြောင့် သေဆုံးမှုလျော့နည်းစေရေး၊ မော်တော်ဆိုင်ကယ် မောင်းနှင်း စီးသူအားလုံး အရည်အသွေးပြည့်မီသော မော်တော်ဆိုင်ကယ်စီး ဦးထုပ်ဆောင်းစေရေး၊ မော်တော်ယာဉ် အချင်းချင်း တိုက်ခိုက်မှုဖြစ်စဉ် အများဆုံးဖြစ်၍ ယာဉ်မောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပိုမိုသိရှိပြီး လိုက်နာစေရေးနှင့် ယာဉ်မောင်းသည့်အခါတွင် ထားရှိရမည့်အပြုမှု၊ ခံယူချက်သဘောထားများ တိုးတက်ကောင်းမွန်စေရေးအတွက် အစီအမံများရေးဆွဲပြီး အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း  ယာဉ်တိုက်မှုကြောင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ သိသိသာသာလျော့နည်းကျဆင်းလာသည်ကို တွေ့ရကြောင်းနှင့် လုံးဝပပျောက် သွားအောင် တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်နိုင်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဟောပြောမှုများ၊ ယာဉ်မောင်းလိုင်စင်ထုတ်ပေးမှုအခြေအနေ၊  ဆက်လက်ဆောင်ရွက်မည့် အဓိကလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအားများ ရှင်းလင်းတင်ပြရာ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)