မအူပင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ



MNP - အောက်တိုဘာ   ၄


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ သောင်ဇားကျေးရွာအုပ်စုတွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် နယ်မြေစိုးမိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက သောင်ဇားကျေးရွာအုပ်စု၊ ဘိုးတ‌‌ကျေးရွာ ဓမ္မသုခကျောင်း တန်ဆောင်းတော်ကြီးတွင် ကျင်းပသည်။


တွေ့ဆုံ‌ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှုမရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ယူခွင့်ရရှိရေး၊ စိုက်ပျိုးရေးဆိုင်ရာများ၊ ကျန်းမာ‌ရေးဆိုင်ရာများ၊ တိရိစ္ဆာန်များ အခမဲ့ဆေးထိုးနှံပေးမှုဆိုင်ရာများ၊ မြို့ပြနှင့် ကျေးလက်ဒေသ ကွာဟမှုမရှိစေရန် စာပေဗဟုသုတ တိုးပွားအောင် ဆောင်ရွက်ရေး၊ ငါးမွေးမြူရေး ကိစ္စရပ်များ၊ လယ်ယာ‌မြေကိစ္စရပ်များ၊ ကျေးရွာလမ်းနှင့် တံဝာားဆောင်ရွက်မှုကိစ္စရပ်များစသည့်လုပ်ငန်းကိစ္စရပ် အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များ အားမေးမြန်းရာ သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။


အဆိုပါတွေ့ဆုံပွဲသို့ မအူပင်ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး‌ အေးလွင်၊ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ‌ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦး‌ထွန်းမြင့်၊ ရပ်မိရပ်ဖများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)