ချောက်မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သောအခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဉ်(၅/၂၀၂၂) သင်တန်း ဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သောအခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဉ်(၅/၂၀၂၂) သင်တန်း ဆင်းပွဲကျင်းပ

 



MNP - အောက်တိုဘာ   ၁၅


မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ်(၅/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ စွယ်တော်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ဒုတိယပညာရေးမှူးဦးထွန်းဆင့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ခွဲမှူး ဦးသန်းဝင်းက ကြက်ခြေနီသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးကြူ ကကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ခွဲမှူးမှ သင်တန်း/ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့သည်။ ယင်းနောက်မြို့နယ် ဒုတိယပညာရေးမှူးဦးထွန်း ဆင့်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး အရာရှိဒေါ်သိမ့်ဝါ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ခွဲမှူး၊ဒုတပ်ခွဲမှူးနှင့် ကျောင်းအုပ်ဆရာမကြီး တို့ကသင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်း/သင်တန်းသူများကို ဆုများအသီးသီးပေးအပ် ချီးမြှင့်ခြင်းကျောင်းအုပ်ဆရာမကြီးက သင်တန်းနည်းပြဆရာများအား အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ခြင်းများ ဆောင်ရွက်ခြင်းခဲ့ပြီး တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား/သူများစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။


အဆိုပါသင်တန်းကိုအောက်တိုဘာ ၁၁ ရက်နေ့ မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင်သင်တန်းသား၁၂ဦး၊သင်တန်းသူ ၂၃ ဦး စုစုပေါင်း ၃၅ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)