MNP - အောက်တိုဘာ ၁၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် သီတင်းကျွတ်ပွဲတော်အား ဒေသခံများပါဝင်၍ အေးချမ်းပျော်ရွှင် စည်းကမ်းသိုက်မြိုက်စွာဖြင့် မက်မန်းမြို့၊ မင်းရန်အောင် စေတီတော်ရင်ပြင်တော်တွင် ယမန်နေ့ညက ကျင်းပခဲ့သည်။
သီတင်းကျွတ်ပွဲတော်တွင် မင်းရန်အောင်စေတီတော်မြတ်ကြီးအား ဆီမီး (၁၀၀၀) ကပ်လှူပူဇော်ခြင်း၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်များက မီးပုံးများလွှင့်တင်ခြင်း၊ ဒေသခံတိုင်းရင်းသားများက မီးပုံးကြီးများကို အုပ်စုအလိုက် အလှည့်ကျလွှင့်တင်ကြခြင်း၊ ရှမ်းအိုးစည်များဖြင် ကပြဖျော်ဖြေခြင်း၊ ဘုရားဖူးများအား အချိုရည်၊ မုန့်များဖြင့် ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် သီတင်းကျွတ်ပွဲတော် စည်းကမ်းသိုက်စွာရေးအတွက် မီးရှူးမီးပန်းများလွှင့်တင်ခြင်းကို ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်ရင်းသားများမှ အေးချမ်းပျော်ရွှင် စည်းကမ်းသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment