MNP ၊ အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့အင်္ဂါရပ်များနှင့်အညီပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီက တြိဂံလမ်းဆုံနှင့် လမ်းမတစ်လျှောက်သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်းပြီး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ တြိဂံလမ်းဆုံနှင့် လမ်းမတစ်လျှောက်သန့်ရှင်းသာယာလှပရေးအတွက် ချုံနွယ်၊ မြက်ပင်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ပလပ်စတစ်နှင့်စွန့်ပစ်အမှိုက်တို့ကို တက်ညီလက်ညီဖြင့် ကောက်ယူ သိမ်းဆည်းကြပြီး၊ မြို့နယ်စည်ပင်သာယာရေးပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာတွင် စနစ်တကျစွန့်ပစ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment