တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

 


MNP - အောက်တိုဘာ ၁၃


ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံး နိုင်ရန်ရည်ရွယ်၍ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် (၇) နာရီခွဲမှ (၈) နာရီခွဲအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချရာတွင် (ငွေတိုး) ဆန်တစ်ပြည်လျှင် (၁၇၂၅) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၁၅၀)ကျပ်နှုန်းဖြင့် ဝန်ထမ်းတစ်ဦးလျှင် ဆန် (၄)ပြည်၊ ဝက်သား (၂၅)ကျပ်သား၊ ကြက်ဥ(၁၀) လုံးစီနှင့် ကြိုက်နှစ်သက်ရာဟင်းသီးဟင်းရွက် တို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ရောင်းချခြင်းကို တနိုင်းခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်နှင့် တာဝန် ရှိသူများမှ ကြီးကြပ်ရောင်းချပေးခဲ့ကြ ပြီး စုစုပေါင်းရောင်းချခဲ့မှုမှာ ငွေတိုးဆန် (၂၅)အိတ်၊ ဝက်သား (၅၀) ပိဿာ၊ ကြက်ဥ (၁၀၀၀) လုံးရှိကြောင်း သိရသည်။


သတင်း - မနောမြေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)