ငါးသိုင်းချောင်းမြို့ ဒေါင့်ကြီးကျေးရွာအုပ်စု၌ တောင်သူများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေးနှင့် အသိပညာပေးဆွေးနွေးပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့ ဒေါင့်ကြီးကျေးရွာအုပ်စု၌ တောင်သူများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေးနှင့် အသိပညာပေးဆွေးနွေးပွဲများပြုလုပ်

 



MNP - အောက်တိုဘာ   4


ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ဒေါင့်ကြီးကျေးရွာအုပ်စု၌ ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးသန်းချစ်အေး ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ၊ တောင်သူများနှင့်တွေ့ဆုံ၍  စီမံကိန်းဝင်နေကြာသီးနှံနှင့် အခြားပဲမျိုးစုံအား လျာထားချက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးရေးအပြင် သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာပေးဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။


အဆိုပါ ဆွေးနွေးပွဲ၌ ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းချစ်အေးက နိုင်ငံတွင်း စားသုံးဆီ ဖူလုံမှုရရှိစေရေးအတွက် ဆောင်းသီးနှံနေကြာအား သီးသန့်၊ သီးညှပ်တိုးတက် စိုက်ပျိုးရေးကိုလည်းကောင်း၊ ရေကြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုကိုက နယ်မြေလုံခြုံရေး၊ တရာဥပဒေစိုးမိုးရေး အကြောင်းအရာများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာရေးတို့ကို လည်းကောင်း၊ မြို့စိုက်ပျိုးရေးဦးစီးဌာနက ရေကြည်မြို့နယ်တွင် ဆောင်းသီးနှံနေကြာလျာထားစိုက်ဧက (၆၉၂၈)ဧကအား လျာထားသဖြင့် လျာထားဧက ပြည့်မီတိုးတက်စိုက်ပျိုးရေးတို့ကို တောင်သူများအား အသိပညာပေးဆွေးနွေးခြင်းတို့ကို လည်းကောင်း သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးဆွေးနွေးမှုများကို ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်းသိရှိရပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)