ဖလမ်းမြို့၌ တတိယအကြိမ် ပြည်သူများများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖလမ်းမြို့၌ တတိယအကြိမ် ပြည်သူများများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး




MNP - အောက်တိုဘာ ၂၈


ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွက်ကဲမှုအောက် (ဟားခါးတပ်နယ်)တို့၏ ကြီးကြပ်ကွက်ကဲမှုဖြင့် တတိယအကြိမ်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီက ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၊ မြို့တော်ခန်းမရှေ့၌‌ ရောင်းချကြောင်း သိရသည်။


ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေး အထောက်အကူဖြစ်စေရန်နှင့် ခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ဆန်၊ ဆီ၊ ဆား ကြက်သွန်၊ ကုလားပဲ၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ကြက်ဥ စသည်ဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခဲ့ရာ ဆန်(၂)ပြည်-၄၆၀၀/-ကျပ်၊ ပဲဆီ (၅၀)ကျပ်သား -၆၀၀၀/-ကျပ်၊ နေကြာဆီ (၅၀)ကျပ်သား -၅၂၀၀/-ကျပ်၊ ဆား(၃)ထုပ်-၁၀၀၀/-၊ ခေါက်ဆွဲခြောက်(၄)ထုပ်-၁၂၀၀/-၊ ကြက်သွန်နီ(၁)ပိဿာ-၃၂၀၀/-၊ ကြက်သွန်ဖြူ(၁)ပိဿာ-၆၀၀၀/-၊ အာလူး(၁)ပိဿာ-၃၂၀၀/-၊ ကြက်ဉ (၁၀)လုံး-၂၀၀၀/-ကျပ်၊ အမဲသား(၁)ပိဿာ-၉၆၀၀/-ကျပ်၊ ဝက်သား(၁)ပိဿာ-၉၆၀၀/-ကျပ်၊ ကြက်သား(၁)ပိဿာ-၉၆၀၀/-ကျပ်၊ ကုလားပဲ(၁)ပိဿာ-၄၀၀၀/-စသည်ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါဈေးရောင်းပွဲကို ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမိုးနိုင်၊ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးရေချမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးထွဋ်၊ အတွင်းရေးမှူးရဲမှူး မျိုးဝင်းနှင့်ခရိုင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။


သတင်း - ရဲမြင့်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)