အမ်းမြို့နယ်၌ ကာလာအိုကေဆိုင်နှင့် တွဲဖက်စားသောက်ဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ကာလာအိုကေဆိုင်နှင့် တွဲဖက်စားသောက်ဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး





MNP ၊ အောက်တိုဘာ ၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ ကာလာအိုကေ(KTV)ဆိုင်များနှင့် တွဲဖက်ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသော စားသောက်ဆိုင်များတွင် မီးလန့်မှု၊ မီးလောင်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ မဖြစ်ပွားစေရေးအတွက် ယမန်နေ့ နေ့လယ်အချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်သန်ဌေး၊ မြို့နယ်လျှပ်စစ် ဦးစီးမှူး၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးရပ်ကွက်ရှိ ပါရာဒိုက်(KTV)၊ AEC(KTV)နှင့် အောက်ရွာကျေးရွာအုပ်စုရှိ မြတ်မြတ်နိုး (KTV)၊ အမ်းမြောက်ကျေးရွာအုပ်စုရှိ LIKE & Spa(KTV)တို့အား ကွင်းဆင်း၍ ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ မီးလန့်မှု၊ မီးလောင်မှုနှင့် လူသေဆုံးမှုဖြစ်စဉ်များ မဖြစ်ပွား စေရေးအတွက် စားသောက်ဆိုင်များ လိုက်နာရမည့်စည်းကမ်းချက်များ၊ မီဘေးနှင့်ပတ်သက် ၍ ရှောင်ရန်/ ဆောင်ရန်ကိစ္စရပ်များ၊ လျှပ်စစ်အသုံးပြုရာတွင် လိုက်နာရမည့်ကိစ္စရပ်များ စွန့်ပစ်အမှိုက်များ စွန့်ပစ်ရာတွင် လိုက်နာရမည့်အချက်များအား အသိပညာပေးဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)