ကျောက်ဖြူမြို့ရှိ သမိုင်းဝင်တန်ခိုးကြီး ကျောက်တစ်လုံးဘုရားတွင် ဌာနဆိုင်ရာများနှင့်တပ်ရင်းတပ်ဖွဲ့များ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ရှိ သမိုင်းဝင်တန်ခိုးကြီး ကျောက်တစ်လုံးဘုရားတွင် ဌာနဆိုင်ရာများနှင့်တပ်ရင်းတပ်ဖွဲ့များ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်





MNP ၊ အောက်တိုဘာ  ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ဂုံချွိန်ကျေးရွာရှိ အထင်ကရသမိုင်းဝင်တန်ခိုးကြီး ကျောက်တစ်လုံးဘုရားသို့ ဘုရားဖူးလာပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် ဘုရားဖူးမျော်နိုင်ရေး အဆိုပါဘုရားပရဝဏ်အတွင်းအပြင်ရှိ ခြုံနွယ်၊ပေါင်းပင်၊မြက်ပင်များနှင့် အမှိုက်များအား ယနေ့ နံနက်ပိုင်းက ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ကာ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ သည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက ဘုရား ပရဝဏ်အတွင်းရှိ အမှိုက်များ၊ စွန့်ပစ်အမှိုက်များ၊ ခြုံနွယ်ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ကြပြီး ဘုရားတွင် အမွှေးနံသာဆီမီးများပူဇော်ထွန်းညှိပြီး ဆုတောင်းခြင်းများပြုလုပ်ခဲ့ကြသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများအား ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။  အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များကို မြို့အင်္ဂါရပ်နှင့်အညီသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)