ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ




MNP ၊  အောက်တိုဘာ  ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် တက်ရောက် ပညာသင်ယူကြသည့် ကျောင်းသား၊ကျောင်းသူများကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်း များက ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးအား  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံပေးလျက်ရှိသည်။ 


ထိုသို့ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်(၅)နှစ်မှ (၉)နှစ် အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကိုသာ ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးတစ်လုံးလျင်ငါးဦး နှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကာ ယမန်နေ့က အထက(၁)၊ အမက(အစိုးရ)၊ ကုလားဘာတောင်၊ စေတီ တောင်၊ တောင်ရင်း၊ ငလပွေ့၊ ပြင်ဖြူမော်၊ အောက်ရွာစသည့် အခြေခံပညာကျောင်းများအပြင် ဘုန်းတော်ကြီးသင်ကျောင်းများဖြစ်သည့် အောင်မင်္ဂလာ၊ ပရဟိတ၊ ဗောဓိသိပ္ပံကျောင်းများမှ ကျောင်း သား၊ကျောင်းသူများအားလည်းကောင်း၊ ယနေ့တွင် အထက(၂)ကျောင်းနှင့် အထက(ခွဲ)အလက(၂)မြို့မ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ထိုးနှံပေးခြင်းဖြစ်သည်။

 

ကျောက်ဖြူမြို့နယ်၌ အဆိုပါ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို ၂၇-၉-၂၀၂၂ ရက် နေ့က ကျောင်းသား၊ကျောင်းသူ  (၁၈၄၅)ဦးအား ပထမအကြိမ် ထိုးနှံပေးထားပြီးဖြစ်ကာ အကြောင်း အမျိုးမျိုးကြောင့်ဆေးထိုးရန် ကျန်ရှိနေသူများကို ဒုတိယအကြိမ်မြောက် ထပ်မံထိုးနှံပေးခြင်းဖြစ် ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)