MNP - အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ယနေ့ နံနက် ၈ နာရီက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများ၌ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိသည်။
ထိုသို့ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးများအား သက်ဆိုင်ရာ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့ပေါ် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ ပူးပေါင်းပြီး မိခင်များနှင့်ကလေးငယ်များ အာဟာရ ပြည့်ဝစွာ စားသောက်နေထိုင်ပြီး ဉာဏ်ရည် ပြည့်ဝကာ ကျန်းမာကြံ့ခိုင်သော ကလေးများ ဖြစ်လာစေရန်နှင့် မသန်စွမ်းဖြစ်မှုနှုန်း လျော့ကျစေနိုင်ရေး အတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများအား ကိုယ်ဝန်ဆောင် မိခင်နှင့်အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေးလျက် ရှိပြီး ထောက်ပံ့ငွေပေးရန် ကျန်ရှိသူများကိုလည်း ဆက်လက် ထောက်ပံ့ပေးသွာမည် ဖြစ်ကြောင်း သိရှိရသည်။
သတင်း - ခင်မောင်ထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment