ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ သာယာဝတီခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ သာယာဝတီခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

43


MNP - အောက်တိုဘာ   ၁၇                            


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး တာဝန်ခံဦးစိုးဦးနှင့် ဦးတင်မောင်ဆွေတို့က အထွေထွေရွေးကောက်ပွဲအတွက်  မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်အေးအေးမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးနှင့်မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ၊ ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်း၊ လျာထားမဲရုံသတ်မှတ်ခြင်း၊ မဲရုံတည်နေရာ၊ မဲရုံသုံးပစ္စည်း၊ မဲလက်မှတ်လျာထားစာရင်းများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများကို ဥပဒေနှင့်အညီ စာရင်းပြုစုထားရှိမှု အခြေအနေ၊ မဲစာရင်းမှန်ကန်မှုရှိရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမှုအခြေအနေ၊ လျာထားမဲဆန္ဒရှင်စာရင်းနှင့် မဲရုံစာရင်းများ လျာထားသတ်မှတ်ထားရှိမှု၊ ရွေးကောက်ပွဲအတွက် လိုအပ်သည့် အထောက်အကူပစ္စည်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြောင်း သိရသည်။


သတင်း - သန့်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages