MNP ၊ အောက်တိုဘာ ၂၅
ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စု၊ ငါတို့ ကျေးရွာအား ပြည်သူ့စစ်ဖွဲ့စည်း၍ PDF အကြမ်းဖက်အန္တရာယ် ကာကွယ်နိုင်ရေး ဆရာတော်ဦးဝါသဝ ဦးဆောင်သော အဖွဲ့က ရွာသူ/ရွာသားများအား သွားရောက် ရှင်းလင်းပြောဆိုသည်ကို ငါတို့ကျေးရွာမှ ကျောင်းထိုင်ဆရာတော် က ပြည်သူ့စစ်အဖွဲ့ကို ပျူစောထီးဟု ပြောဆိုပြီး ရွာသားများ ပြည်သူ့စစ်မဖွဲ့နိုင်အောင် တားမြစ်ခဲ့ကြောင်း သိရသည်။
ဆရာတော်နှင့်အတူ လိုက်ပါသွားသူ တစ်ဦးက "မနေ့က ကန့်ဘလူမြို့နယ် နတ်ပေးအုပ်စု ငါတို့ကျေးရွာ ပြည်သူ့စစ်အင်အား ၉၅ ယောက်တိတိရရှိပါတယ်။ ငါတို့ကျေးရွာသည် PDF အကြမ်းဖက်တို့၏ ယုတ်မာမှုကိုမခံနိူင်တော့လို့ တိုင်းပြည်နှင့်လူမျိုးဘာသာ သာနာတော်နှင့် နိူင်ငံတော်ဖျက်ဆီးနေတဲ့ အကြမ်းဖက်သမားများကို လက်မခံနိူင်ပဲ ပြည်သူ့စစ်ဖွဲ့စည်းကာကွယ်ကြဖို့ ဆရာတော်တို့ ရှင်းပြတာကို လက်ခံပါတယ်။ ငါတို့ ကျေးရွာသူ ရွာသားများရဲ့ ပြည်သူ့စစ်စာရင်းရရှိတဲ့ အချိန်မှာ ငါတို့ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးကေသရက နိူင်ငံတော်မှတရားဝင်ဖွဲ့စည်းထားတဲ့ ပြည်သု့စစ်အဖွဲ့ကြီးကို အကြမ်းဖက်ပျူစောထီဆိုပြီး ရွာသူ/သားတွေကို ပြည်သူ့စစ်မဖွဲ့နိူင်အောင် အဖျက်မှောက်လုပ်ပါတယ်။ ဆရာတော် ဦးဝါသဝအနေနဲ့ အတော်ကို နားလည်အောင် ရှင်းပြခဲ့ရပါတယ်။ ရွာသူ/ရွာသားတွေက နားလည်လက်ခံတာကို ကျောင်းထိုင်ဆရာတော်က အဖျက်အမှောင့် ဝင်လုပ်တာပါ။" ဟု ပြောဆိုသည်။
ငါတို့ကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးကေသရ က PDF အဖွဲ့တွေနဲ့ ပတ်သက်မှုရှိကြောင်း၊ အကြမ်းဖက်လှုပ်ရှားသူများကို ဆက်သွယ်သတင်းပေးပို့မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအား ဆန့်ကျင်သည့် PDF အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုများကို အားပေးထောက်ခံခဲ့သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA, PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေခြင်းကြောင့် ဆရာတော်ဦးဝါသဝ ဦးဆောင်သော အဖွဲ့အနေဖြင့် ရပ်ရွာများတွင် ပြည်သူ့စစ်ဖွဲ့စည်း၍ မိမိရပ်ရွာကို လုံခြုံအေးချမ်းအောင် ကာကွယ်နိုင်ရေး လိုက်လံစည်းရုံးဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည့် ကူညီပံ့ပိုးမှုများ ရရှိစေရန် အတွက်လည်း တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment