ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ကျေးရွာဒေသခံပြည်သူများ တွေ့ဆုံကာ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ကျေးရွာဒေသခံပြည်သူများ တွေ့ဆုံကာ ကွင်းဆင်းဆောင်ရွက်



MNP -  အောက်တိုဘာ   ၇


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကျေးရွာနေဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲက ပျားစီကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက ကျေးလက်ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့အကျိုးပြုလူမှုရေး၊ ကျန်းမာရေ၊ ပညာရေးကဏ္ဍများကို ဆွေးနွေး ပေးကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရေး ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ခြင်းကို ရှင်းလင်းဆွေးနွေးပြီး ရမည်းသင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်က နိုင်ငံတော် အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက ပြည်သူလူထုနှင့် ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့်ပျားစီကျေးရွာ ဒေသခံပြည်သူများက ကျေးရွာအတွင်း ဖွံ့ဖြိုးရေးအတွက် လိုအပ်နေသည့် ကျေးလက်လျပ်စစ်မီးရရှိရေး၊ ပျားစီ-အင်းပေါင်းကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပေးနိုင်ရေး၊ စာသင်ကျောင်းဆရာ/ဆရာမ လိုအပ်နေမှုနှင့် ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးမြင့်မှ ပျားစီကျေးရွာ၌ လျှပ်စစ်ဓါတ်အားခွဲရုံ တည်ဆောက်မှုနှင် ကြိုးသွယ်တန်းနေမှုများကိုလည်းကောင်း၊ သက်ဆိုင်ရာဌာနများမှ ကျေးလက်ပြည်သူများ၏ တင်ပြချက်အပေါ် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။


ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ပျားစီကျေးရွာအုပ်စုရှိ ပြည်သူ (၁၅၃) ဦးအား ကျန်းမာရေးဆေးကုသခြင်းနှင့် ကိုဗစ်ကာကွယ်ဆေး (Booster Dorse) ထိုးနှံပေးခြင်းကိုလည်းကောင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက် (၁၈) ပြည့် မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ အိမ်ထောင်ဇယား ပြုလုပ်ပေးကိုလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ဝင်းအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)