ကျိုက်လတ်မြို့နယ်တွင် ဝါကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်မြို့နယ်တွင် ဝါကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ



MNP - အောက်တိုဘာ   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျိုက်လတ်မြို့နယ်အတွင်း ဝါတွင်းသုံးလ အရုဏ်ဆွမ်းလောင်းလှူမှု အောင်ပွဲအနေဖြင့် ဝါကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ယမန်နေ့ နေ့လယ်ပိုင်းက (၂)ဖြတ်လမ်းရှိ ရပ်တော်မူ မြတ်စွာ ဘုရားကြီးစုရပ်မှ စတင်ကျင်းပခဲ့သည်။


ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေး များအား ဆွမ်းဆန်တော်များ၊ နဝကမ္မ အလှူငွေများနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို လောင်းလှူခဲ့ကြသည်။  မြို့နယ်အတွင်း ဆွမ်းဆန်တော် အလှူခံကြွရောက်ရာတွင် မြတ်စွာဘုရား အမှူးထား၍ ဘုန်းတော်ကြီးကျောင်း (၄၆)ကျောင်း၊ သီလရှင်ကျောင်း (၄)ကျောင်းမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေး အပါး(၇၀၀)ကျော်တို့က ရပ်တော်မူ မြတ်စွာ ဘုရားကြီးမှ စတင်၍ မြို့တွင်း(၂)ဖြတ်လမ်းမှ ဦးစန္ဒာလမ်းမကြီး တစ်လျှောက် (၉) လမ်းအထိ၊ (၉)ဖြတ်လမ်းမှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း (၁၇) လမ်းအထိ သံဃာ့ဒါန ဆွမ်းလောင်းအသင်းများ မှ အလှူရှင်များအတွက် ဆွမ်းဆန်တော် လှူဒါန်းရန် စီစဉ်ထားသည့် နေရာများ အထိ ဆွမ်းဆန် တော်ခံ ကြွရောက်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)