မိုးနဲမြို့နယ်၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

 


MNP - အောက်တိုဘာ   ၁၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ရွေးကောက်ပွဲအရာရှိနှင့် အဖွဲ့ဝင်များသည် လာမည့်အထွေထွေရွေးကောက်ပွဲဆိုင်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ မိုးနဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့်  တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးသက်ထွန်းက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲ‌ အောင်မြင်စွာကျင်းပနိုင်ရေး၊ အခြေခံလူဦးရေစာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေး၊ မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်း၊ မဲရုံများ လျာထားသတ်မှတ်ခြင်းများကို ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ လာမည့်အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကိုဝင်းတို့က လူဦးရေစာရင်းပြင်ဆင်ဖြည့်စွက်ခြင်းနှင့်မဲရုံများလျာထားဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းခဲ့ကြသည်။ ယင်းနောက် ခရိုင်ရွေးကောက်ပွဲအရာရှိနှင့်အဖွဲ့ဝင်များက အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်းရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးညွန့်ရွှေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)