(၁၄၈) ကြိမ်မြောက် မုဒုံမြို့လုံးကျွတ် မဟာသံဃိကဆွမ်းကြီးလောင်းလှူပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၄၈) ကြိမ်မြောက် မုဒုံမြို့လုံးကျွတ် မဟာသံဃိကဆွမ်းကြီးလောင်းလှူပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပ



MNP - အောက်တိုဘာ ၉


မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်၏ (၁၄၈) ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့လုံးကျွတ် မဟာသံဃိကဆွမ်းကြီးလောင်းလှူပွဲကို ယနေ့ (သီတင်းကျွတ်လပြည့်) နေ့ နံနက် ၇ နာရီက မြို့တွင်းလမ်းတစ်လျှောက်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။


အဆိုပါ ဆွမ်းကြီးလောင်းလှူပွဲသို့ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၊ သြဝါဒါ ဆရာတော်ကြီးများနှင့် ဘုန်းကြီးကျောင်းတိုက် ၇၂ ကျောင်းမှ သံဃာတော် ၁၇၆၆ ပါး၊ သီလရှင်ကျောင်း ၁၆ ကျောင်းမှ သီလရှင် ၁၉၅ ပါးအား မုဒုံမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ကန်ကြီးစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊  မော်တော်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းရေးကော်မတီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဆွမ်း ဆန်တော် ၊ လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလောင်းလှူခဲ့ကြသည်။


၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် သာသနာတော်မြတ်ကြီးအား ပူဇော်ကြောင်းနှင့် ဆရာတော်သံဃာတော်ကြီးများ၊ သီလရှင်များဆွမ်း၊ ကွမ်းများပြည့်စုံစွာဖြင့် သီတင်းသုံးနိုင် ရေးအတွက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)