MNP - အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသနေပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့်ထိရောက်စွာကုသထိန်းချုပ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများတို့က ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ ထိုးနှံခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ ၆လနှင့် အထက်ရှိသူများအား ပထမအကြိမ်ထပ်ဆောင်းကာကွယ်ဆေး အဖြစ်ထိုးနှံပေးခြင်းနှင့် ပထ မအကြိမ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးစီးမှု ကာလပြည့်ပြီးသူများအား ဒုတိယ အကြိမ် ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို အများပြည်သူများ ဆက်လက်ထိုးနှံနိုင်ရေးအတွက် ပိုင်ကျုံမြို့တိုက်နယ် ဆေးရုံ၌ အပတ်စဉ် အင်္ဂါနေ့နှင့်သောကြာနေ့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သတင်း - နော်ခူး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment