ပဲခူးမြို့တွင် လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၃/၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၃/၂၀၂၂) ကျင်းပ



MNP - အောက်တိုဘာ   ၁၃


လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ပဲခူးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် ဈေးကွက်ဝင်သီးနှံများအား ရွေးချယ်စိုက်ပျိုးပြီး အရည်အသွေးကောင်းမွန်သော လယ်ယာသီးနှံထွက်ကုန်များ ထုတ်လုပ်ကာ ဒေသစားသုံးမှု ဖူလုံရေးအပြင် ပိုလျှံသီးနှံများ ဈေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မျှော်မှန်းဆောင်ရွက် လျက်ရှိကြောင်း၊ သီးနှံထွက်ကုန် အရည်အသွေးကောင်းမွန်ရေး မျှော်မှန်းအထွက်နှုန်းရရှိရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေးအတွက် သီးနှံအလိုက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးကြရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာမှာအစား အစားဘေးအန္တရာယ် ကင်းရှင်းရေးကဏ္ဍ၊ လုပ်သားများ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးကဏ္ဍများ ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေးသုံးအဆိပ်ရှိ ပစ္စည်းများ အထူးသဖြင့်(ပိုးသတ်ဆေး) ကိုင်တွယ်သုံးစွဲသူများအနေဖြင့် ပိုးသတ်ဆေးကိုင်တွယ် သုံးစွဲနည်းစနစ်များ စနစ်ကျမှန်ကန်ရန်၊ ပိုးသတ်ဆေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပိုးသတ်ဆေး လုပ်ငန်းခွင်အန္တရာယ် ရှေးဦးသူနာပြုစုနည်းများ သိရှိနားလည်ရန်လိုအပ်ကြောင်း၊ ပိုးသတ်ဆေး သုံးစွဲသူများနှင့် လုပ်ငန်းလိုင်စင်ရရှိ ထားသူများမှာလည်း လိုက်နာရမည့် စည်းကမ်းများကို အထူးလိုက်နာရန်လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုင်းသန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းမှူး စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) သီးနှံကာကွယ်ရေးဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်လေးဇံက သင်တန်း စည်းမျဉ်း /စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။


အဆိုပါ သင်တန်းအား ပိုးသတ်ဆေးဥပဒေအရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နည်းပညာများ၊ ဗဟုသုတအချက်အလက်များအား ကိုင်တွယ် ရောင်းချသူများ သိရှိစေရန်နှင့် စိုက်ပျိုးရေးသုံး အဆိပ်ရှိပိုးသတ်ဆေးကို ရောင်းချရာတွင်လည်းကောင်း၊ ထားသိုရာတွင်လည်းကောင်း စနစ်တကျထိရောက်စွာ ကိုင်တွယ်သုံးစွဲ တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသား(၁၅၀) ဦးတက်ရောက်ကာ အောက်တိုဘာလ (၁၂) ရက်နေ့မှ (၁၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)