ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၌ အခြေခံကွန်ပျူတာအသုံးချသင်တန်း အပတ်စဉ်(၂၃) ဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၌ အခြေခံကွန်ပျူတာအသုံးချသင်တန်း အပတ်စဉ်(၂၃) ဖွင့်လှစ်

27


MNP - အောက်တိုဘာ   ၁၄


အခြေခံကွန်ပျူတာအသုံးချသင်တန်းအပတ်စဉ်(၂၃)ကို ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၌ ယနေ့နံနက် ၉ နာရီအချိန်ကဖွင့်လှစ်ရာ သင်တန်းဖွင့်ပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးစောဟူးဟူး ကွန်ပျူတာကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာမြင့်မားရေးသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း၊ ယနေ့ခေတ်သည် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာထွန်းကားသည့် ခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် နိုင်ငံသားတိုင်း သတင်းအချက်အလက်နည်းပညာဆိုင်ရာ ပညာရပ်များအား အခြေခံအားဖြင့် တတ်မြောက်ထားရန် အထူးလိုအပ်လျက်ရှိကြောင်း၊  ကွန်ပျူတာအသုံးချပညာရပ်များကို လုပ်ငန်းနယ်ပယ်များတွင် ကျယ်ပြန့်စွာအသုံးပြုမည်ဆိုပါက သက်ဆိုင်ရာနယ်ပယ်အလိုက် လုပ်ငန်းများအချိန်ကုန်သက်သာစေခြင်း၊ စနစ်တကျလုပ်ငန်းပြီးစီးမှုရှိခြင်း၊ လူအင်အားအသုံးချမှုကို လျော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို လက်တွေ့ခံစားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသင်းသင်းထွေး  ဒုတိယပါမောက္ခချုပ်မှ သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးက ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား/ သင်တန်းသူများအား ကွန်ပျူတာအသုံးချပညာရပ်များ သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ယနေ့ အခြေခံကွန်ပျူတာအသုံးချသင်တန်းတွင် ‌Microsoft Word  ၊ Microsoft Office Excel  ၊ Microsoft Office PowerPoint  ၊ Internet ၊ Email ၊ Gmail စသည့်ဘာသာရပ်များကို နေ့စဉ် နံနက် ၉ နာရီမှ ၁၁ နာရီအထိ စာတွေ့ ၊ လက်တွေ့သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းကာလမှာ ၁ လ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - ကိုဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages