ရေတာရှည်မြို့နယ် တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက မီးပုလင်းများဖြင့်ပစ်ပေါက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင်ခန်းအချို့နှင့် သင်ထောက်ကူပစ္စည်းများ မီးလောင်ဆုံးရှုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ် တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက မီးပုလင်းများဖြင့်ပစ်ပေါက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင်ခန်းအချို့နှင့် သင်ထောက်ကူပစ္စည်းများ မီးလောင်ဆုံးရှုံး



MNP ၊ အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တခွဲကြဲကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲအား အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင်ခန်းနှင့် သင်ထောက်ကူပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက် ည ၇ နာရီခွဲအချိန်တွင် ရေတာရှည်မြို့နယ်၊ တခွဲကြဲ ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၃၅ မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါကျောင်းအတွင်းရှိ Grade-1၊ Grade-2၊ Grade-5 စာသင်ခန်း ၃ ခန်း၊ ကျောင်းအုပ်ကြီး ရုံးခန်း ၁ ခန်းနှင့် အဆိုပါအခန်းများအတွင်း ထားရှိသည့် သင်ထောက်ကူပစ္စည်းများဖြစ်သော စာရေးခုံ ၂၅ လုံး၊ ထိုင်ခုံ ၂၅ လုံး၊ ဘီရို ၃ လုံးနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

ထိုသို့ ကလေးသူငယ်များ၏  ပညာသင်ကြားမည့်အခွင့်အလမ်းဆုံးရှုံးစေရန် ရည်ရွယ်ချက် များဖြင့် စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်သကဲ့သို့ ပညာရေးနှင့်ဆိုင်သော အဆောက်အအုံများကို ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးသော စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်များစွာကို ကျူးလွန်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)