နေကြာမျိုးစေ့စိုက်ပျိုး ထုတ်လုပ်ခြင်း ကွင်းပြပွဲနှင့် နေကြာစိုက်တောင်သူများအား နေကြာမျိုးစေ့နှင့် မြေသြဇာ ထောက်ပံ့ပေးအပ်ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေကြာမျိုးစေ့စိုက်ပျိုး ထုတ်လုပ်ခြင်း ကွင်းပြပွဲနှင့် နေကြာစိုက်တောင်သူများအား နေကြာမျိုးစေ့နှင့် မြေသြဇာ ထောက်ပံ့ပေးအပ်ပြုလုပ်


MNP ၊ အောက်တိုဘာ ၁၂

“စားသုံးဆီဖူလုံဖို့  နေကြာသီးနှံစိုက်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်း ဆီစာသုံးမှုဖူလုံရေးနှင့်  နေကြာစိုက်တောင်သူများအား နေကြာစိုက်ပျိုးရာတွင်အထောက် အကူဖြစ်စေရန်ရည်ရွယ်၍ နေကြာမျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းပြပွဲနှင့်  နေကြာစိုက် တောင်သူများအား နေကြာမျိုးစေ့နှင့် မြေသြဇာထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၁၀)ကျေးရွာရှိ  နေကြာမျိုးစေ့ထုတ် စိုက်ခင်း၌ ကျန်းမာ‌ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ရာ အ‌ရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။


 ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်၊ စိုက်ပျိုးရေး ဉီးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နေကြာမျိုးစေ့စိုက် ပျိုးထုတ်လုပ်ခြင်း ကွင်းပြ ပွဲနှင့်  နေကြာစိုက် တောင်သူများအား နေကြာမျိုးစေ့နှင့် မြေသြဇာ ထောက်ပံ့ပေးအပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နေကြာစိုက် တောင်သူများအား နေကြာမျိုးစေ့နှင့် မြေသြဇာများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ ဧက(၅၀) နေကြာမျိုးစေ့ ထုတ်စိုက်ခင်းအား လိုက်လံကြည့်ရှုခဲ့ကာ တာဝန်ရှိသူများက နေကြာအထွက်နှုန်း ကောင်းမွန်စေရန် ဆောင်ရွက်မှု နည်းစနစ်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။


အဆိုပါ နေကြာမျိုးစေ့စိုက်ပျိုး ထုတ်လုပ်ခြင်း ကွင်းပြပွဲနှင့်  နေကြာစိုက် တောင်သူများ အား နေကြာမျိုးစေ့နှင့် မြေသြဇာထောက်ပံ့ပေးပွဲတွင် နမ့်စန်မြို့နယ်အတွင်းရှိ  နေကြာစိုက် တောင်သူ(၁၀၀)ဦးအတွက် နေကြာမျိုးစေ့ ကီလို(၃၀၀)၏နှင့်မြေသြဇာအိတ် (၁၀၀)အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)