ပင်လောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပင်လောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများပေးအပ်

 

42

MNP - အောက်တိုဘာ  ၁၇


ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင်  လူမှုဝန် ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် ပထမသုံးလပတ် ဧပြီ၊ မေ၊ ဇွန်လအတွက် အကျုံးဝင်သည့် ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေများ  ဆက် လက်ပေးအပ်လျက်ရှိကြောင်း သိရသည်။


ထောက်ပံ့ငွေများပေးအပ်နိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ပေါင်းလောင်း မြို့ပေါ် (၆) ရပ်ကွက်နှင့် ထိန်ပင်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန် ဆောင်မိခင် (၁၇၄)ဦး၊ နှစ်နှစ်အောက်ကလေးငယ် (၇၃) ဦးအား စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀,၃၆၅,၀၀၀)သိန်း  ပေးအပ်ခဲ့သည်။


ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် နှစ်နှစ်အောက်ကလေးငယ်များနှင့် လေးလအထက် ကိုယ်ဝန်ဆောင်များအား တစ်လလျှင် ငွေကျပ် တစ်သောင်းငါးထောင်နှုန်းဖြင့် သုံးလလျှင် တစ်ကြိမ် စုစုပေါင်း ငွေကျပ်လေးသောင်းငါးထောင်၊ ကိုယ်ဝန်ဆောင် စာရင်းပေးသွင်းချိန် သုံးလ အကျုံးဝင်ပါက နှစ်လစာ ငွေကျပ်သုံးသောင်း၊ ကိုယ်ဝန်ဆောင်စာရင်းပေးသွင်းချိန် နှစ်လအကျုံး ဝင်ပါက တစ်လစာ ငွေကျပ် တစ်သောင်းငါးထောင်ဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း၊ ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။


သတင်း - ခွန်အာကာစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages