သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ ကျေးရွာများအရောက် ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ ကျေးရွာများအရောက် ဆောင်ရွက်ပေး




MNP - အောက်တိုဘာ   ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လုပ်ငန်းများကို ဇူလိုင်လ ၁၂ ရက်နေ့မှစတင်၍ ကျေးရွာများအရောက် ဆောင်ရွက်လျက်ရှိလာခဲ့ရာ အောက်တိုဘာလ ၁၅၊ ၁၆ ရက်နေ့များက ကျေးရွာအုပ်စု(၉)စုသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ပေး ဖွဲ့စည်းထားသည့် သက်ဆိုင်ဌာနဆိုင်ရာတို့က‌ ကျေးရွာများသို့ သွားရောက်ဆောင်ရွက် ပေးလျက်ရှိကြသည်။


ထိုသို့ အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လုပ်ငန်းများကို ကွက်ပြင်ကျေးရွာအုပ်စု၊ တောင်ကွင်းကျေးရွာအုပ်စု၊ ဒါးက‌ညောင်ကုန်းကျေးရွာအုပ်စု၊ အိမ်ဆိုးချောင်းကျေးရွာအုပ်စု၊ ရွှေတောင်ကျွန်းကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ ကျွန်းလျားကြီးကျေးရွာအုပ်စု၊ ဂုံမင်းကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာအုပ်စုများသို့ အဖွဲ့(၃)ဖွဲ့ဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်သွယ်နှင့် ဒုတိယဦးစီးမှူးများနှင့် တာဝန်ပေးဖွဲ့စည်းထားသည့် သက်ဆိုင်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးဝန်ထမ်းများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ အထောက်အကူပြုအဖွဲ့များက ကျန်ရှိကျေးရွာအုပ်စု (၉)ရှိ အိမ်ထောင်စု (၈၅၀)၊ လူဦးရေ (၃၄၁၅)ဦးတို့ကို လုပ်ငန်းအပြီးသက် ပြီးစီးပူးပေါင်း ကူညီတိုက်ဆိုင် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ ပြီးစီးကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)