“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပန်လုံမြို့၊ ရေပေးဝေရေးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပန်လုံမြို့၊ ရေပေးဝေရေးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

 




MNP - အောက်တိုဘာ  ၂၉


ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာရေး နှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပန်လုံမြို့ရေးပေးဝေရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ရာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြို့မိမြို့ဖများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။


ဖွင့်ပွဲတွင် ဥက္ကဋ္ဌဦးညီနပ်နှင့် တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်မောင်စိုးက လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဖွင့်ပွဲကို ဥက္ကဋ္ဌ ဦးညီနပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ပန်လုံမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်မှန်ခန်း၊ လူနာ ကုသဆောင်များကို ပြင်ဆင်ဆောင်ရွက် နေမှုတို့ကို လည်းကောင်း၊ ပန်လုံမြို့သောက်သုံးရေ ဖူလုံမှုရှိစေရေးအတွက် ပြန်လည်ပြင်ဆင်ဆောင်ရွက် မည့် ကြာကန်ကို လည်းကောင်း၊ စည်ပင်သာယာဈေးရှိ ရေမြောင်းပျက်စီးမှုအခြေအနေနှင့် အမက (နမ့်ခူရှဲ) တို့ကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။


ထိုမှ တဖန်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ကျေးလက်လမ်းဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ချိန်ဟုန်ကျိုင်းလမ်းကတ္တရာ ခင်းခြင်းလုပ်ငန်းနှင့် အားဟိုပါးလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို လည်းကောင်း၊ လမ်းဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဟိုပန်-ပန်လုံ-မိုင်းမောလမ်း ပေါ်ရှိ ကတ္တရာခင်းခြင်းလုပ်ငန်း၊ သံကူကွန်ကရစ်ဖြင့် မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းများကို လည်းကောင်း၊ ပညာရေးဌာန ၏ ခွင့်ပြုရန်ပုံငွေဖြင့် အမကမူလွန် လီရှော(ပန်ကောက်)ကျောင်းတွင် (၆၀’×၃၀’) Steel Structure တစ်ထပ်ဆောက်လုပ်နေမှုကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဖာလင်(ရွာမ) စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းကို လည်းကောင်း၊ နတလအစီအစဉ်ဖြင့် ဆောက်လုပ်ပေးခဲ့သည့် ဖာလင်ကျေးရွာဘုန်းတော်ကြီးကျောင်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍ လုပ်ငန်များကို သတ်မှတ် ကာလအတွင်း ပြီးစီးရေး၊ စံချိန်စံညွှန်းကိုက်ညီရေး၊ အလေအလွှင့် မရှိစေရေးတို့ကို ကြီးကြပ်ဆောင်ရွက် ရန်နှင့် ဖာလင်ဘုန်းတော်ကြီးကျောင်း လိုအပ်ချက်များကို ပြန်လည်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)