ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် ကွန်ကရစ်လမ်းခင်းခြင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် ကွန်ကရစ်လမ်းခင်းခြင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 



MNP - အောက်တိုဘာ   ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဘက် ရဲမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ယနေ့ နံနက် (၉)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။


အဆိုပါကွန်ကရစ်လမ်းခင်း ဆောင်ရွက်နေခြင်းကို ကြံခင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (တာဝန်ခံ) အင်ဂျင်နီယာ ဦးကျော်မြင့်နိုင်တို့မှ ကြီးကြပ်ပြီး ကွန်ကရစ်လမ်းခင်းရာတွင် အချိန်မှီပြီးစီးရေး၊ လုပ်ငန်းအရည်အသွေး ပြည့်မှီရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးကြောင်း သိရသည်။


အဆိုပါကွန်ကရစ်လမ်းခင်းခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံး၊ ငွေရင်း လုပ်ငန်း (၁၄)ခုမှ ငွေကျပ် (၁၆၈.၀၀၀)သန်းဖြင့် လျာထားခဲ့ပြီးဆောင်ရွက်ခဲ့ရာ ဘက်ရဲမြို့အတွင်းရှိ အမှတ်(၁)ရပ်ကွက်တွင် အလျား(၁၃၀')၊ အနံ(၁၄')၊ အမြင့်( ၈")ရှိ တာကြီးတန်းလမ်းအား ငွေကျပ်(၄.၅၁၆)သန်းနှင့် အလျား(၅၀၀')× အနံ(၁၄')× အမြင့်(၈')ရှိ သဇင်လမ်းအားငွေကျပ် (၁၃.၉၃၀)သန်းဖြင့် လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်တွင် အလျား (၂၀၀')၊ အနံ (၁၄')၊ အမြင့် (၈")ရှိ တံခွန်တိုင်လမ်းအား ငွေကျပ် (၆.၈၆၄)သန်းနှင့် အလျား (၃၅၀') × အနံ (၁၅') × အမြင့် (၈")ရှိ အောင်ချမ်းသာ လမ်းအား ငွေကျပ် (၁၂.၉၃၆)သန်းဖြင့် လည်းကောင်း ဆောင်ရွက်နေမှုအား အမြန်ဆုံးပြီးစီးရေး ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)