ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာတွင် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာတွင် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

 



MNP - အောက်တိုဘာ   ၁၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ သင်တောင်းကျေးရွာတွင် သောက်သုံး ရေများ ဖူလုံစွာသုံးစွဲနိုင်ရေး ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။


ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၀.၀၀) ကျပ် သန်း၊ ပြည်သူထည့်ဝင်ငွေ (၂.၈၀၂) ကျပ်သန်း၊ စုစုပေါင်း (၁၂.၈၀၂) ကျပ်သန်းဖြင့် (၂)လက်မအကျယ် PVC ပိုက်အရှည် (၅၅၀၀) ပေ သွယ်တန်းပေးခြင်းလုပ်ငန်းများဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က လုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများ ပြီးစီးပြီဖြစ်သဖြင့် သင်တောင်းကျေးရွာမှ အိမ်ခြေ (၂၉၃) အိမ်၊ လူဦးရေ (၁၈၀၄) ဦးနှင့် အိမ်မွေးတိရစ္ဆာန်များ၊ ကျွဲ၊ နွားများပါ ရေမီတာများဖြင့် အိမ်အရောက် သောက်သုံးရေများ ဖူလုံစွာသုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။


သင်တောင်းကျေးရွာသည် တောင်ခြေတွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကာ နွေရာသီရောက်တိုင်း နှစ်စဉ်ရေအခက်အခဲကြုံတွေ့ရကြောင်း၊ ကျေးရွာပိုင် အဝီစိတွင်းတူးဖော်သော်လည်း မြေအောက်တွင် ကျောက်ဖျာများရှိနေသဖြင့် တူးဖော်ရာတွင် အဆင်မပြေမှုများကြုံတွေ့ရကြောင်း၊ ယခုအခါ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် အနက်(၃၀၀)ပေ၊ အကျယ် (၂) လက်မ (PVC) ပိုက်ဖြင့် အဝီစိတွင်း (၁) တွင်း၊ အနက် (၃၀၀) ပေ၊ အကျယ်(၄) လက်မ (PVC) ပိုက်ဖြင့် အဝီစိတွင်း(၁)တွင်း၊ အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေ ရေစက်ရုံ (၁)ရုံ၊ ရေဂါလံ(၂၄၀၀)ဆံ့ ရေစင် (၁)စင် ဆောင်ရွက်ပေးခဲ့ပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် အိမ်အရောက် ရေရရှိသုံးစွဲနိုင်ရေး (၂)လက်မ အကျယ် PVC ပိုက်အရှည် (၅၅၀၀) ပေ ထပ်မံသွယ်တန်းပေးခဲ့သောကြောင့် သောက်သုံးရေများ အချိန်ရာသီမရွေး ဖူလုံစွာသုံးစွဲနိုင်ပြီဖြစ်ကြောင်း သင်တောင်းကျေးရွာမှ ရပ်မိရပ်ဖ ဦးမိုးဝင်းကပြောပြ၍ သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)