ကျောက်တော်မြို့နယ်၌ ယူရီးယားဓာတ်မြေသြဇာ အိတ်များအား ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့နယ်၌ ယူရီးယားဓာတ်မြေသြဇာ အိတ်များအား ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး ရောင်းချ

 



MNP - အောက်တိုဘာ   ၁၅ 


ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်လမ်းညွှန်မှုဖြင့် ယူရီးယားဓါတ်မြေသြဇာများအား မြောက်ဦးခရိုင်၊ ကျောက်မြို့နယ်တွင် မိုးစပါး စိုက်ပျိုးရာသီအတွင်း တောင်သူများ ဈေးနှုန်းချိုသာစွာဖြင့် အသုံးပြုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဓါတ်မြေသြဇာ သယ်ယူသိုလှောင်ရေးကော်မတီတို့ ဖွဲ့စည်းပြီး မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးတောင်သူများအား သြဂုတ်လ(၁) ရက်နေ့မှ နိုဝင်ဘာ (၃၀) ရက်နေ့အထိ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ယူရီးယားဓါတ်မြေသြဇာများအား မိုးစပါးစိုက်ပျိုးရာသီတွင် တောင်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူအသုံးပြုပြီး လယ်ယာ ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဓာတ်မြေသြဇာ ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွက်နှုန်းလျော့နည်းကျဆင်းမှု မဖြစ်ပေါ်စေရေးအတွက် ယူရီး ယား (၁)  အိတ်လျှင် သတ်မှတ်ဈေးနှုန်း (၄၈၀၀၀)ကျပ်ဖြင့် ယူရီးယားဓာတ်မြေသြဇာ အိတ်များ အား မြို့နယ်စိုက်ပျိုးရေးဦစီးဌာနမှ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိသည်။အဆိုပါ ယူရီးယားဓာတ်မြေသြဇာများကို မိုးစပါး စိုက်ပျိုးတောင်သူများအနေဖြင့် ကျောက်တော်မြို့နယ် အတွင်းရှိ ဓါတ်မြေသြဇာရောင်းချသည့် ပြင်ပဈေးဆိုင်များ၌ ယူရီးယားဓါတ်မြေသြဇာ (၁)အိတ် လျှင် ငွေ(၁၃၀၀၀၀) ကျပ်ဝန်းကျင်ခန့်ဖြင့် ဝယ်ယူစိုက်ပျိုးလျက် တောင်သူများ၏ စိုက်ဧကများအတွက် ယူရီးယား ဓါတ်မြေသြဇာအိတ်များအား ဈေးနှုန်း ချိုသာစွာဖြင့် မြို့နယ်ဓာတ်မြေသြဇာ သယ်ယူသိုလှောင်ဖြန့်ဖြူးရေးကော်မတီနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ ဈေးနှုန်းချိုသာစွာ အသုံးပြုနိုင်ရေးအတွက် ယူရီးယားဓာတ်မြေသြဇာ အိတ်(၄၄၀၉)အိတ်အား သတ်မှတ်ဈေးနှုန်းဖြင့် တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ခင်မောင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)