မောင်တောမြို့နယ် ကညင်တန်းရပ်ကွက်အနီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအားဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့နယ် ကညင်တန်းရပ်ကွက်အနီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအားဖမ်းဆီးရမိ




MNP ၊  အောက်တိုဘာ  ၂၉

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ကညင်တန်းရပ်ကွက်အနီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား အောက်တိုဘာ ၂၈ ရက်နေ့ နံနက် (၁၈:၀၅) မိနစ် အချိန် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ နယ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  သတင်းအရ မောင်တော မြို့နယ်၊ ကညင်တန်းရပ်ကွက် အနောက်ရွာ အထက(၁)ကျောင်းဘေး  ဝေဘာဂီလမ်းနှင့် ဗိုလ်မှူးရွာသွား လမ်း ထောင် အနီးစောင့်ဆိုင်းနေစဉ် SUZUKI SMASH အမျိုးအစား နီ/နက် ရောင် (လိုင်စင်စိစစ်ဆဲ) ဆိုင်ကယ်ဖြင့် မောင်သာရွှေ(ခ)အူမော်ဖာရု၏ နေအိမ်လမ်းပေါ်သို့ မာမတ်ရှား  တို့အတူ ဆိုင်ကယ်ဖြင့် မောင်းနှင်းရန် ပြင်ဆင်နေစဉ် မသင်္ကာမှုဖြင့် စစ်ဆေးရာ  ဆိုင်ကယ်ယာဘက် လက်ကိုင်ချိတ်၍  သယ်ဆောင်လာသော VICTOR တံဆိပ်ပါ  လိမ္မော်ရောင် အိတ်အတွင်း  မြင်းချီးရောင်စက္ကူဖြင့်  ထုတ်ထားသော  အတောင့်(၂)တောင့် အတွင်း(၁)တောင့်လျှင် အပြာရောင် ကပ်ခွာအိတ်ငယ်(၅၀)ထုတ် ၊ တစ်ထုတ်လျှင်  မူးယစ်စိတ်ကြွရူးသွပ်ဆေးပြား WY/R စာတမ်းပါ  လိမ္မော်ရောင် စိတ်ကြွရူး သွပ် ဆေးပြား (၁၈၀)ပြား ၊ (၅၀)အိတ်အတွင်း (၉၀၀၀)ပြားပါ အတောင့် (၂)တောင့်အတွင်း  စုစုပေါင်းဆေးပြား(၁၈၀၀၀) ပြား ၊ အလေးချိန်(၁၈၀၀)ဂရမ်ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ နှင့်အတူ တွေ့ရှိသူများဖြစ်သော မာမတ်ရှား (၃၁) နှစ်(ဘ)မာမတ်အီဒရိ နှင့် မောင်သာရွှေ(ခ)အူမော်ဖာရု (၂၄)နှစ် (ဘ)မော်နီအူလာ  ကညင်တန်းရပ်ကွက်နေသူ တို့နှစ်ဦးအား  မောင်တောမြို့မရဲစခန်းတွင်  မယ(ပ) ၃၅/ ၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ အရ အမှုဖွင့်လှစ်ကာ အရေးယူနိုင်ရေး  စီစဉ်ဆောင်ရွက် လျှက်ကြောင်း သိရသည်။


ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)