ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ဦးစီးဌာနအသီးသီးမှ အလုပ်လျှောက်လွှာကြော်ငြာစာများပြသထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ဦးစီးဌာနအသီးသီးမှ အလုပ်လျှောက်လွှာကြော်ငြာစာများပြသထားရှိ




MNP ၊  အောက်တိုဘာ   ၁၂

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင်ယနေ့ မွန်းလွဲ ၂ နာရီက နိုင်ငံတော်အဆင့်ငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက်ထားမှုမှတ်တမ်းဓာတ်ပုံများနှင့် ဦးစီးဌာနအသီးသီးမှအောက်တိုဘာလအတွင်း ခေါ်ယူသည့် အလုပ်လျှောက်လွှာကြော်ငြာစာများကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရေး အတွက်ပြသထား၍ ပြည်သူများနှင့်လူငယ်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြသည်။


 ထို့ပြင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ဦးစီးဌာနအသီးသီး မှ အလုပ်လျှောက်လွှာကြော်ငြာစာများ၊စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း နှင့် အသိပညာပေး (Talk Show ) အစီအစဉ်များရိုက်ကူးကာ ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)