MNP ၊ အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၂ ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင်ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ၂၂ ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပလိုကြောင်း၊ ယခင်နှစ်များက အတွေ့အကြုံများကိုအခြေခံ၍ ဘုံကထိန်ပွဲ တော်ကြီးဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းအကြုံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ကထိန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ၊ ဘဏ္ဍာငွေကောက်ခံရေးကော်မတီ၊ ပွဲတော်ကျင်းပရေးလုပ်ငန်းဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက ယခင်နှစ်များက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ယခုနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြပေးကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက လိုသည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ရက် သတ်မှတ်နိုင်ရေးအတွက် မြို့နယ် သံဃာ့နာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့်ညှိနှိုင်းတိုင်ပင်၍ မြို့နယ်ခန်းမတွင် ကျင်းပ ပြုလုပ်သွားရန် ဆုံးဖြတ်ပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment