ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၇၀)နှစ်နှင့်အထက် (အငြိမ်းစား) ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၇၀)နှစ်နှင့်အထက် (အငြိမ်းစား) ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲ အခမ်းအနားပြုလုပ်



MNP - အောက်တိုဘာ   ၁၄


ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၇၀)နှစ်နှင့်အထက် (အငြိမ်းစား) ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပရာ မောင်တောမြို့နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား ဆရာ၊ ဆရာမကြီးများ တက်ရောက်ကန်တော့ခံခဲ့ကြသည်။


ရှေးဦးစွာ မြတ်ဆရာပူဇော်ပွဲကို ပဉ္စဂုဏံ အဟံဝန္တာမိ၊ အာစရိယဂုဏံ အဟံဝန္တာမိ (၃)ကြိမ်ရွက်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ပြီး “မြတ်ဆရာ” သီချင်းဖြင့် ဆရာ/ မများက  ပူဇော်ဂါရဝပြုခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော ဆရာ၊ ဆရာမများက မြတ်ဆရာ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး အပူဇော်ခံ အသက်(၇၀)နှစ်နှင့်အထက် (အငြိမ်းစား) ဆရာကြီး၊ ဆရာမကြီး (၂၁)ဦးအား  လက်ဆောင်ပစ္စည်းများနှင့် ပူဇော်ကန့်တော့လှူဒါန်းငွေ စုစုပေါင်း  ၁၄ သိန်း ၇ သောင်းတိတိအား အသီးသီး ပူဇော်ကန့်တော့ခဲ့ကြသည်။ ယင်းနောက်အပူဇော်ခံ ဆရာ/ မကြီး များထဲမှ ဆရာကြီး ဦးမောင်အုန်းကြည် ဆုံးမဩဝါဒ  အမှတ်တရ စကားပြောကြားပြီး ဆရာ/မ များက “မြတ်ဆရာ”သီချင်း သီဆိုကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြသည်။


အခမ်းအနားသို့ မတက်ရောက်နိုင်ကြသော အပူဇော်ခံ အသက်(၇၀) နှစ်နှင့်အထက် (အငြိမ်းစား) ဆရာကြီး၊ ဆရာမကြီးများကိုလည်း နေအိမ်အရောက် ဝတ္တုပစ္စည်းများနှင့် ပူ‌ဇော်ကန်တော့ ငွေများကိုလည်း ဆက်လက်ကန်တော့သွား မည်ဖြစ်ကြောင်းနှင့် “ဆရာ/ဆရာမ များဟာ ကလေးတွေ လူငယ်တွေရဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုမှ အဓိကကျသလို လူဘောင်အဖွဲ့အစည်းမှာလည်း အနန္တော အနန္တငါးပါးမှာ ပါဝင်တဲ့အတွက် ဆရာများရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရပြီးတော့ မြတ်ဆရာပူဇော်ပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ကျော်စိန် ၊ သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)